လေးစားမိပါ၏ ကိုလေးဖြူ။
Posted on 1:17 AM by Wathan
ကိုလေး အကြောင်းကို မပြောခင် ပထမဆုံး သူ့အခွေ စထွက်တုန်းက အခြေအနေက တော်တော်လေး ဆိုးတယ်။ ဘယ်လိုဆိုးလဲ ဆိုတော့ အဲဒီ အချိန်က Crack Tone နဲ့ ဆိုနိုင်တဲ့ အဆိုတော်တွေ နာမည် အရမ်းကြီး တဲ့ အချိန် ။ အဲဒီလို ကြားထဲက ဖောက်ထွက်လာတာ ဆိုတော့ တော်ရုံတန်ရုံ အရည်အချင်းတော့ မဟုတ်ဘူး။ သူ့မှာ ဘာတွေ ရှိလဲ ၊ သူဘာတွေ သိလဲ၊ ပြီးတော့ ဂီတ အပေါ် ဘယ်လို ခံယူ ထားသလဲ အရမ်းသိချင်လာတယ် ။ ပြီးတော့ သိလာတော့ လေးစားလာတယ်ပေါ့။အဲဒီကနေစပြီး သတိထားပြီး စောင့်ကြည့်မိတယ်။ ပထမဆုံး ထွက်တဲ့ ခွေတွေ တော့ မပြောတော့ဘူး။ အဲနောက်ဆုံး ထွက်တဲ့ BOBဘင်္ဂလား ပင်လယ်အော် အကြောင်းပဲ ပြောတော့မယ်။ ဘာလို့ ဆို ဝေးသွားတဲ့ အခွေတွေ ကျတော့ လေ့လာရတာ သိပ်အသက်မပါတော့ဘူး။ အခု ကျွန်တော် တင်ပြမယ့်ဟာတွေဟာ ကျွန်တော့ရဲ့ ကိုယ်ပိုင် အယူအဆ တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် အငြင်းပွါးစရာ ဖြစ်မယ် ဆိုရင်လည်း ခွင့်လွှတ်ပေးကြမယ်လို့ထင်ပါတယ်။ ကဲ စမယ်။
ကျွန်တော်တစ်ယောက်အမြင်မှာတော့ ဒီခွေကို စာသားတွေ အရမ်းကောင်းတယ်။ တီးထားတာရှယ်၊ သံစဉ်ကတော့ ရိုးတယ် ၊ အဆိုကတော့ ပြောစရာမလို၊ Mixingပိုင်းလည်း ဂွတ်ပါ၏။ ဒီခွေကို ခဏလေးများထက်လည်းပိုကြိုက်တယ်၊ အဲဒီ အခွေတုန်းက တကယ်ကို ခဏလေး နားထောင်စရာ ဖြစ်သွားတယ်။ စတိုင်တစ်ခုကို အတင်း မ၀င်ဝင်အောင် တီးထားလားလို့ပါ။ လေးဖြူရဲ့ Owntune အခွေတွေထဲမှာ လိပ်ပြာနဲ့ ကမ္ဘာသစ်တေး ကြိုက်တယ်။ ခဏလေးများနဲ့ သားကောင် အဲလောက် မကြိုက်။ အခုနောက်ဆုံးထွက်ထားတဲ့ BOB ကမှ လုပ်မယူထားတဲ့ authentic လေးဖြူစစ်စစ်။
ဒီခွေရဲ့ ထူးခြားချက်က Music Arrangement လို့ထင်ပါတယ်။ တစ်ချို့သီချင်းတွေရဲ့ သာမန်အရေးအသား flow တွေကို အရင် IC တီးနေကျ သီချင်းစတိုင်လ်( ကမ္ဘာသစ်တေးလိုမျိုး too much CSM dependent ) မဟုတ်ပဲ ဗညားတို့ ခရမ်းတို့ support လုပ်ပေးသွားတာတွေကိုလည်း အရမ်းကြိုက်ပါတယ်။ Arrangement ပိုင်းကလည်း စတိုင်ကွဲအောင်လုပ်ရတာ တော်တော်ခေါင်းစားမယ်ဗျ။ ပြီးတော့ လေးဖြူရဲ့ထွက်သမျှ အခွေတိုင်းမှာ အဖွင့်သီချင်းတွေက သိပ်အသက်ပါတယ်။နားထောင်ရတာ အရမ်းအားရှိတယ်ဗျာ။ track by track တွေ tempo အလိုက်ထိန်းပြီး Album တစ်ခုလုံးကို Story Board တစ်ခုလို နားထောင်နေတဲ့သူကို နောက်ဆုံး track အထိခေါ်သွားတယ်။ သီချင်းတစ်ပုဒ်စီရဲ့ စတိုင်ပေါ်အောင်style တူရင် alternate ထားပေးတတ်တယ်။ ဒါက လေးဖြူလုပ်နေကျ အထာ။
ဒီခွေမှာ တီးထားတာ အထူးခြားဆုံးသီချင်းကို ပြပါဆိုရင် အလဲအကွဲ သီချင်းလို့ကျွန်တော်ပြောမှာပဲ။ ချစ်စမ်းမောင် ကြိုးရိုက်တာတွေ၊ high fret တွေမှာ harmonics ဖမ်းထားတာတွေ အရမ်းမိုက်ပါတယ်။ ဒီသီချင်းကို Youtube မှာသာတင်ရင် ဆရာချစ် ဒီထက် နာမည်ကြီးပေါက်ပဲ။ အဖွင့် သီချင်းကို တစ်ယောက်တည်းနဲ့ဆိုတဲ့ သီချင်းရဲ့ တီးလုံးထားတာကလည်း တော်တော် သင့်လျော်ပါတယ်။ " ၀ိရောဓိ " မှာ သုံးထားတဲ့ Instrument ပိုင်း၊ " ပြန်ခဲ့ပါ " မှာ Marching Snare တွေ ထည့်ထားတာတွေ၊ " မိုးတိမ်ထဲဝဲ " မှာ percussion နဲ့ Lead Intro လုပ်ထားတာ အရမ်းကောင်းတယ်ဗျာ။ မြန်မာသီချင်း owntune တွေထဲမှာ တော့ အကောင်းဆုံးလို့မြင်မိပါတယ်။ " ကစဉ့်ကလျားသီအိုရီ " ကတော့ Arabic ပုံစံပေမယ့်ဘိုဘိုရဲ့ ကြယ်ကြွေကောက်သောလက်တို့ ၊ အယ်နောင်းရဲ့အနောက်တောင်မုတ်သုံ တို့မှာ IC လုပ်ထားတာနဲ့သိပ်မကွဲပါဘူး။ ဒီသီချင်းရဲ့ စာသားတွေကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ " သံယောဇဉ် " မှာ harmonica ထည့်ရုံကလွဲလို့သိပ်ထူးခြားတာမရှိ၊ သိပ်ရိုးသွားမှာ စိုးလို့ထင်ရဲ့ တေးရေးသူက ကော့ဒ်ကြောင်လေး တစ်ခု ကောက်ထည့်ပေးလိုက်တယ်။ ဒီခွေမှာ ကျွန်တော် အကြိုက်ဆုံးသီချင်းတွေထဲမှာ " ငါ့ရဲ့လမင်း "က ရှေ့ဆုံးမှာ ရှိနေမှာပါ။ ဆိုရတာ ထောက်မယ်။ တော်တော်ခက်ခဲမယ်ထင်ပါတယ်။ လေးဖြူကတော့ mood နဲ့vocal ပိုင်းမှာ သိပ်ကို ငြိမ်ပြီး ဘာမှ ပြောစရာမရှိပါဘူးဗျာ။ ဘာမှတော့ မဆိုင်ပါဘူး ဇမ်နူးရဲ့အချစ်ရှိသောနေ့စွဲများကို နားထဲသွားကြားမိတယ် အခြားမဟုတ်ပါဘူး၊ ဆိုပေါက်နဲ့ သီချင်း wordy ဖြစ်လို့ပါ။ နောက်တစ်ခုက ဒီသီချင်းရဲ့ တေးရေး ပိုင်းပါ။ရယ်ဂျီရယ် ရေးထားတာ ကောင်းလွန်းတယ်ဗျာ။ စတိုင်လုံးဝကွဲတယ်။ လုံးဝ wordy ဖြစ်တယ်။ နာဂစ်သီချင်းမှာ သူများသီချင်းသံစဉ်ထည့်တုန်းက အမြင်ကပ်သလောက် ဒီသီချင်းမှာတော့ ရယ်ဂျီရေးထားတာကို တော်တော် လေးစားသွားမိပါ၏။
စာမျက်နှာတစ်ဆယ့်ငါးကို နောက်ဆုံးမှာထားတာ တိုက်ဆိုင်မှုလား ( သူတို့သီချင်းထားတဲ့ အထာလေးတွေ )။ Bon Jovi ရဲ့ Have A Nice Day မှာ နောက်ဆုံးတစ်ပုဒ်လည်း အဲဒီလိုပဲ Slide နဲ့ Intro ၀င်တာပဲ ဒီကာလာ မျိုးလေးပဲ။ Ending မှာ Solo ထည့်တယ်။ Triplet တွေ မသုံးရုံတမယ် တီးထားတဲ့ scale တွေနဲ့ ဒီသီချင်း style က influence တစ်ခုတော့ ရှိနေတယ်။ ဘာမှတော့ ထူးခြားမှု သိပ်မရှိပေမယ့် ဘယ်သူမှ မသုံးဖူးတဲ့ စာသားမျိုးတွေ သုံးထားတယ်။ နားထောင်လို့တော်တော် ကောင်းပါ၏။ ဒီ Chorus မှာ C Am F G လေးဘားထဲက " အရေးမကြီးဘူး " ထက် ပိုပြီး မထူးခြားဘူးလို့ ထင်ပါတယ်။ မကောင်းဘူးလို့ မပြောပါဘူး။ လေးဖြူရဲ့ အဆင့်နဲ့ ဒီထက်ပိုထူးခြားအောင် လုပ်လို့ရပါတယ်။ လေးဖြူခွေကို Perfect ဖြစ်စေချင်တယ်။ ဆောင်းဦးလှိုင် modify လိုမျိုးမဖြစ်စေချင်တာတော့ အမှန်ပါ။ ဒီခွေမှာ သတိထားမိတာ တစ်ခုက သီချင်းတွေမှာ တေးရေးဆရာတွေ ( C key ) ရဲ့ Bb လို chord မျိုးကို သုံးပြီး Chord ကြောင်တွေ ထည့်ရေးကြတယ်။ လင်းလင်းရေးတဲ့ တစ်ပုဒ်မှာ Am ကနေ မဆီမဆိုင် Bb7 ချိုးသွားတာမျိုးလေးတွေ ကောင်းတယ်ဆိုပေမယ့် တစ်ချို့ flow တွေ အရမ်းထပ်နေတယ်။ မောင်မောင် ဇော်လတ်ရောပဲ။ ကျွန်တော့် အတွက် ဒီအခွေကတော့ 9.5/10 လို့ပြောချင်ပါတယ်... 0.5 ကို ဖယ်ထားတာ ရယ်ဂျီ သီချင်းကလွဲလို့ slow သီချင်းတွေ flow ထပ်နေပြီး ထူးခြားမှု မရှိလို့။
အတီးပိုင်းသိပ်ကောင်း ၊ အားကြီးကောင်း သီချင်းစတိုင် တော်တော်များများက IC မှန်းတောင် မသိ ( အရင် " လေလွင့်သူ " မှာ ဗညား လုပ်သွားတာမျိုး၊ ကော်ပီ သီချင်းလား အောက်မေ့မိမလောက် )။ အဆိုပိုင်း ပြောစရာ မရှိ၊ စာသားကောင်း၏။ Delicate တစ်ချို့နေရာတွေမှာ ထိရက်စရာ မရှိအောင် လှပလွန်းပါသည်။ ( အထူးသဖြင့် မောင်မောင်ဇော်လတ် စာသားများ )။ သံစဉ် - လင်းလင်းနဲ့ မောင်မော်ဇော်လတ် အချို့သံစဉ်များ သိပ်ရိုးရှင်းလွန်းပါသည်။ 4 Bar Round မသုံးလို့ Chord ကြောင် ၀င်ရင်တောင် ၀င်သွားတဲ့ Chord တွေ Flow တွေ သိပ်ရိုးလွန်းတယ်ထင်တယ်။ အရင် ထူးအိမ်သင် interview တစ်ခုမှာ ဖတ်လိုက်ရသလိုပဲ..... သံစဉ်ကို ကြိုမှန်းထားလို့ရနေတာဟာ နားထောင်တဲ့သူ feel မလာဘူး။ ကျွန်တော့် အတွက်တော့ စောင့်ရကြိုးနပ်တဲ့ လေးဖြူခွေပါပဲ။ လေးဖြူပရိသတ် အားလုံးအတွက်လည်း ထပ်တူပဲလို့ မျှော်လင့်ပါတယ်။
0 comments:
Post a Comment