Sony Ericsson xperia များကို root, font, keyboard ထည့်ခြင်း
Posted on 5:16 PM by Wathan
ဒီနည်းလမ်းဟာ v2.3.2, v2.3.3, v2.3.4 တို့အတွက် အဆင်ပြေပါတယ်။
၁. လိုအပ်တဲ့ driver ကို ကျွန်တော်ပေးထားတဲ့ အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ…
၂. driver ဖိုင်ကို ဖြေပြီး ဖုံးကို PC နဲ့ ချိတ်လိုက်ပါ။
၃. Start menu > Computer (right click) > manage > Device Manager ကို သွားပါ..
၎. other device ထဲမှာ အဆင်မပြေတဲ့ တစ်ခုကို တွေ့ပါလိမ့်မယ်.. right click နှိပ်ပြီး Update Driver Software နှိပ်ပြီး ခုနဖြည်ထားတဲ့ driver folder ကို ရွေးပေးလိုက်ပါ
အဆင့် ၁ ကနေ ၄ အထိဟာ driver မရှိတဲ့ PC အတွက်သာဖြစ်ပါတယ် ရှိရင် မလိုအပ်ပါဘူး

ဖုံးကို ပြင်ဆင့်ရမယ့် အချက်တွေ စပြောပါမယ်..
၅.. Settings, Applications,ကို သွားပြီး “Unknow sources” ကို အမှတ်ခြစ်ထားရပါမယ်
၆. Settings, Applications, Development ကို သွားပြီး “USB debugging” ကို အမှန်ခြစ်ထားရပါမယ်
၇. ဖုံးထဲမှာ ထည့်ထားတဲ့ memory ကဒ်ဟာ formatted ချထားပြီးသားဖြစ်ရပါမယ်။ မချရသေးရင် ချ လိုက်ပါ။

လိုအပ်တဲ့ ဖိုင် ၁ ဖိုင်ဖြစ်တဲ့ အောက်ကလင့်ကို ဒေါင်းလိုက်ပါ..အဲဒီထဲမှာ root လုပ်မယ့် အရာတွေပါပါတယ် ;D ;D
အဲဒီ 7z ဖိုင်ကို ဖြည်လိုက်ပါ..
ပြီးရင် အဲဒီထဲက bat ကို ကလစ်နှိပ်ရမှာပါ..

Root ပဲလုပ်မယ်ဆိုရင် Cliick_n_Root_Only.bat ကို နှိပ်ပါ..
font နဲ့ keyboard ပါသွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ..

ကျန်တာကတော့ ပေါ်လာတဲ့ စာလေးတွေ လိုက်ဖတ်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ရေးရမှာ ပျင်းတာရယ် ဒီလောက်တော့ လုပ်တတ်မယ် ထင်လို့ပါ :2 :2)
ဒီနည်းလမ်းဟာ Xperia series အားလုံးအတွက် အဆင်ပြေပါတယ်...။
1 comments:
passward တောင်းနေသည် download လုပ်လို့ မရလို့ ပါ ကူညီပါအုံး
Post a Comment