Player skin လေးတွေကို ကိုယ်တိုင်လုပ်ပြီး သုံးရတာက ပျော်ဖို့ကောင်းတယ်ဗျ။ သူများတွေ လုပ်ပြီး ရှယ်နေကြတာတွေတွေ့တော့ ကျနော်လည်း လွယ်လွယ်ကူကူ နည်းရှိရင် ပြောပြဖို့ရှာကြည့်လိုက်ပါတယ်။ သပ်သပ်ယပ်ယပ်နဲ့ အဆင်လည်းပြေရမယ် လွယ်လည်းလွယ်ရမယ်လေ။ အခု ကျနော် လုပ်ထားတာလေးတွေ ကြည့်လိုက်ပါဦး …
Image Hosting by Picoodle.com Image Hosting by Picoodle.com

အဲဒါလေးတွေက လုပ်ရလွယ်သလို သပ်ယပ်တယ်။ နောက်ပြီး ဘာ error မှာ မရှိအောင်ကို အဆင်ပြေပါတယ်။ လေရှည်နေပြီဗျာ ။ ကျနော်နဲ့ အတူ လိုက်လုပ်ကြည့်ကြရအောင်ဗျာ … အောက်က Software လေး တစ်ခုတော့ လိုပါလိမ့်မယ်။

Download Mirror 1 : Zshare (Skinner Tool 2.4)

Download Mirror 2 : Mediafire (Skinner Tool 2.4)
အဲဒါလေး ဒေါင်းပြီး run လိုက်ပါ။ freeware ပဲဖြစ်လို့ ဘာ ကီးမှလည်း မလိုပါဘူး။ ပြီးရင် All Programs ထဲက Skinner Too ကို နှိပ်ပြီး စလုပ်ပါမယ်။
အောက်ကအတိုင်း ပေါ်လာတဲ့ window မှာ File – Open Image ကို နှိပ်ပြီး ဓါတ်ပုံတစ်ပုံကို ယူပါတယ်။ ပုံအရွယ်အစားက အနည်းဆုံး 275×348 Pixels ရှိရမှာဖြစ်ပါတယ်။ လက်ရှိ တင်ထားတဲ့ Wallpaper ကို လုပ်ချင်တာဆိုရင်လည်း Open Image အောက်က Current Wallpaper ကို နှိပ်ပေးရုံပါပဲ။
Image Hosting by Picoodle.com
မိမိရွေးလိုက်တဲ့ ပုံပေါ်လာပါတယ်။ ပုံနေရာကို Drag ဆွဲပြီး နေရာချိန်ညှိလို့ရပါတယ်။
Image Hosting by Picoodle.com
Target Skin ဆိုတဲ့ နေရာမှာကြည့်လိုက်ပါ။ အဓိက က Classic Skin နဲ့ Modern Skin ဖြစ်ပါတယ်။ တစ်ခုကို ရွေးပေးလိုက်ပါ။ အောက်မှာပြထားတာက Classic Skin ဖြစ်ပါတယ်။ သူက Play List ကိုပါ ပုံနဲ့ယူလိုက်တာဖြစ်ပါတယ်။
Image Hosting by Picoodle.com
ကျနော်အခုလုပ်ပြမှာက Modern Skin နဲ့ လုပ်ပြပါ့မယ်။ Image Setting ဆိုတဲ့နေရာရဲ့ Pattern ဆိုတာကို တစ်ခုလောက်ရွေးကြည့်လိုက်ပါ။ ဒီအတိုင်း အလွတ်ထားတာထက် Pattern ပါးပါးလေးပါတာက ပိုလှပါတယ်။
Image Hosting by Picoodle.com
စကေး နဲ့ အလင်း၊ အမှောင်တွေကို ကျနော်ချိန်ပြထားပါတယ်။ မိမိပုံနဲ့ အဆင်ပြေသလို စမ်းကြည့်လိုက်ပါ။
Image Hosting by Picoodle.com
နောက်တစ်ဆင့် စဖို့အတွက် Make Skin! ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
Skin Template မှာ မိမိကြိုက်တာရွေးကြည့်လိုက်ပါ။ Preview ပေါ်တဲ့အတွက် အသုံးလွယ်ပါတယ်။ စာလုံးအရောင်တွေ ခလုပ်အရောင်တွေကို Skin Setting ရဲ့အောက်မှာပြောင်းပေးနိုင်ပါတယ်။
Image Hosting by Picoodle.com
အခုပြင်နေတာက Skin Setting ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ခေါင်းစဉ်တပ်ပါ့မယ်။ Skin Setting ဘေးက မျှားလေးကိုနှိပ်လိုက်ပါတယ်။ Drop Down menu လေး ပေါ်လာပါတယ်။ ဒုတိယမြောက် Text Tittle ကိုရွေးပါတယ်။
Image Hosting by Picoodle.com
စာလုံးအရောင် အရွယ်နဲ့ ပုံစံ နေရာတွေကို ပြင်ဆင်နိုင်ပါတယ်။ Edit Tittle ဆိုတာကို နှိပ်ပြီး မိမိပေးချင်တာကိုရေးနိုင်ပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com
နောက်တစ်ခုက Visualization ပါ။ Drop menu ရဲ့ တတိယမြောက်ပေါ့။ Options ကို နှိပ်ပြီး အရောင်ပြောင်းလို့ရပါတယ်။
Image Hosting by Picoodle.com
နောက်တစ်ခုကတော့ Standard Frame ဆိုတာလေးပါ။ အောက်ဆုံးက Play List ကို အရောင်တွေ ပြောင်းဖို့ဖြစ်ပါတယ်။
Image Hosting by Picoodle.com
အားလုံးကျေနပ်ပြီ ဆိုရင်တော့ Save ကိုနှိပ်ပြီး နာမည်ပေး save လိုက်ရုံပါပဲ။
Image Hosting by Picoodle.com
Save လိုက်တဲ့နေရာမှာ winamp ရဲ့ logo လေးအတိုင်း ပေါ်နေပါတယ်။ Double click နဲ့ run ပေးလိုက်ပါ။
Image Hosting by Picoodle.com
professional တေဆွဲထားတဲ့ skin အတိုင်းပဲ ဖြစ်ပါတယ်။ ဘာ error မှ မရှိပါဘူး။ ထုံးစံအတိုင်း Confirm လုပ်တာပါ။ ok နှိပ်ပေးလိုက်ရင် မိမိဆွဲထားတာပေါ်လာပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Player မှာ Right click လုပ်၊ Skin ကို ထောက်ကြည့်လိုက်ပြီး မိမိလုပ်ထားသမျှ အလွယ်တကူပြောင်းသုံးလို့ရပါတယ်။
Image Hosting by Picoodle.com
တစ်ခါလုပ်ပြီး အဲဒီဖိုင်လေးသိမ်းထား၊ သုံးချင်တဲ့အချိန် run ပေးလိုက်ရုံပါပဲ။ ချစ်သူဆီ ပို့ချင်တဲ့ လူတွေ အမြန်လုပ်ကြတော့ဗျို့ … ။
Winamp Player မရှိသေးရင်တော့ ဒီမှာသာ ဒေါင်းလုပ်သွားလုပ်လိုက်ပါ။


မှတ်ချက် ။      ။ ကိုသံလုံ့ ဆီမှ ။

Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး software လေးတစ်ခု ရလို့မျှဝေချင်ပါတယ်။ အရင်ကလည်း အများကြီး သုံးကြည့်ဘူးပါတယ်။ ကြာတယ် လေးတယ်၊ သာမာန်ဖိုင်လေးတစ်ခု မှားဖျတ်မိလို့ ချက်ချင်းပြန်လိုချင်ပါတယ်ဆို သူ့ software က လေးနေတာနဲ့ စိတ်ဓါတ်ကျသွားတယ်။ ပြန်ကို မရှာချင်တော့ဘူး ဖြစ်သွားတယ်။ အခု software လေးက တော်တော်လေး မိုက်တယ်ဗျ။ မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့် NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဗျ ။ ဆိုဒ်ကလည်း 2 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ recycle bin ကို clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က ကျနော် ရေးပြထားတဲ့ အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။   
Image Hosting by Picoodle.com
Download Mirror 1 : Mediafire (Smart.NTFS.Recovery_4.1) _ Portable
Download Mirror 2 : Zshare (Smart.NTFS.Recovery_4.1) _ Portable
သူက portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကို run လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။
Image Hosting by Picoodle.com
နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။
Image Hosting by Picoodle.com
အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။
Image Hosting by Picoodle.com
အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box ကြီးနဲ့ လာပြပါတယ်။
Image Hosting by Picoodle.com
မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Restore Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။
Image Hosting by Picoodle.com
တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။
Image Hosting by Picoodle.com
အသုံးဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တကယ်ကို ကြိုက်လို့ အသုံးတည့်တာမို့လို့ တင်ပေးတာ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတိုင်း မှားဖျတ်တတ်ကြတာဖြစ်လို့ ၊ ခဲတံနောက်မှာ ခဲဖျတ် တပ်ထားသလို ၊ မိမိကွန်ပျူတာမှာလည်း Smart.NTFS.Recovery လေး သိမ်းထားသင့်ပါတယ်။ သုံးကြည့်လိုက်ကြပါဦး။


မှတ်ချက် ။         ။  ကိုသံလုံ ဆီမှ ။



ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ   လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ဘဝရဲ့စိန်ခေါ်မှုကိုအကြိမ်ကြိမ်ရင်ဆိုင်ရဲပြီးကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။ ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ --- (၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။ (i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။ (ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာသူတို့ရလိုက်တာကသူတို့ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်ပါတယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။ (၂) (i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။ (ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ် ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။ (iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ် လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။ (iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ် ၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။ (၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ် လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။ ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က (i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။ (ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။ (iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။ (၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်... (၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ် လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။ ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Animation Destop Toys For Windows

Posted on 3:39 AM by Wathan


ကျွန်တော် ဒီနေ့တော့ မေးလ်ထဲကနေ မေးထားတာ တော်တော်များများကို ပြန်ဖြေပေးပြီး သွားပါပြီ .. တောင်းဆိုထားတာ လေးတွေကိုလည်း တစ်ချို့ ရေးပေးဖို့ တောင်းဆိုထားတဲ့ အကြောင်းအရာ လေးတွေကိုလည်း ရေးပေးသွားဖို့ ရှိပါတယ် .. အခုလောလောဆယ်တော့ လက်တလော တင်ပေးလို့ လွယ်တဲ့ ကောင်လေးတွေကို အရင်တင်ပေးသွားပါမယ် .. အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ Mail ထဲကနေ အကိုတစ်ယောက် တောင်းထားတဲ့ Destop Toy လေးတွေပဲ ဖြစ်ပါတယ် .. အခုတင်ပေးလိုက်တဲ့ ကောင်မလေးတွေက အငြိမ်တော့ မနေဘူးနော် Destop Screen အပြည့်ကို လျောက်သွားနေတာ သုံးတဲ့သူတွေတော့ မျက်စိနောက်မှာ မြင်ယောင်ပါသေးတယ် .. သုံးရတာ လွယ်ပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ ကောင်လေးထဲက မိမိတို့ သုံးချင်တဲ့ ပုံစံလေးကို Double Click ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် အသုံးပြုလို့ ရသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 


အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
 
 

Real Desktop 1.71 Standard

Posted on 3:36 AM by Wathan

ကျွန်တော်တို့ Desktop ကို ကလိလိုသူများအတွက်ပါ။ မိတ်ဆက်ပေးတာပါ။ သုံးကြည့်လိုက်ပါ။ Features လေးတွေ တော်တော်များများပါဝင်ပါတယ်။ Windows 2000/XP/Vista/7 တွေကို Support လုပ်ပေး နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ အောက်ကလင့်ခ်လေးမှာ သွားပြီးလေ့လာ နိုင်ပါတယ်ခင်ဗျာ။ http://en.real-desktop.de/menu-clips.php  ။ ဖိုင်ဆိုဒ်ကတော့8.29 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။ 



Real Desktop 1.71 Standard



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 
 

IcoFX v2.0.1

Posted on 3:32 AM by Wathan


ကျွန်တော်အခု icon editor လေးတစ်ခုတင်ပေးလိုက်ပါတယ်။ သုံးရတာလည်း အဆင်ပြေတဲ့ အပြင် မိမိ
တို့ နှစ်သက်တဲ့ ပုံလေးတွေနဲ့ပါ စိတ်ကြိုက်ပြုလုပ်ပေးနိုင်ပါတယ်။ အထဲမှာ သူ့အတွက် Keygen လေးပါ
ထည့်ပေးထားပါတယ်။ သူ့ရဲ့ Features လေးတွေကို ကျွန်တော်အောက်မှာ ထပ်ထည့်ပေးထားပါတယ်။
သူ့မှာပါဝင်တဲ့ Features လေးတွေကတော့ .................

· Support for Vista icons with PNG compression
· Support for alpha channel (transparency)
· Batch processing for handling multipple files
· New: Built in resource editor for creating icon libraries or changing icons inside exe files
· New: Zoom icons up to 10000% for increased precision
· New: Import image dialog, for creating icons from images
· New: Convert Macintosh icons to Windows icons and vice versa
· New: Open, save, edit and convert Macintosh OS X icons
· New: Extract Macintosh icons from resource files
· New: Snapshot window for creating overviews of the icons
· More than 40 built in effects, including Drop Shadow
· Use custom filters to create your own customized effects
· Multiple language support
· Resolutions up to 256x256
· Data types: 2, 16, 256, True Color, True Color + Alpha (optional dithering for 2, 16, 256 colors)
· Extract icons (including Vista icons) from 32 bit exe and dll
· Import / export images (transparency also) from bmp, jpg, gif, png, jp2
· Many useful drawing tools like brush, line, rectangle and more
· Transparent, Brighten/Darken, Blur/Sharpen tools for retouching
· Create icon from an image with a single click
· Adjust the contrast, brightness, hue, saturation, transparency and color balance of icons
· Change the dimension of images
· Images can be faded using the fadeout dialog
· Increase / decrease the opacity of an image
· Easy shadow handling
· RGB and HSB color modes
· History of recently opened files
· Window menu for easy window switching
· Possibility to store favorite colors
· Capture image from the desktop
· Grid for precision work
· Side bar for easy image switching
· File Explorer window for easy file browsing and importing
· Full drag and drop support
· Sizable preview window
· Multiple undo
· Blur the edge of the brush
· Rotate the image at any angle
စတဲ့  Features လေးတွေတော်တော်များများကိုပါဝင်ပါတယ်။ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်
ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေယူသွား လိုက်ပါဗျာ။

IcoFX v2.0.1

Downloading from ifile.it

Downloading from mediafire

 

Windows 7 Themes 90

Posted on 4:21 AM by Wathan


အခုကျွန်တော် Window 7 Themes လေးတွေစုထားတာကိုတင်ပေးလိုက်ပါတယ်။ Themes ပေါင်း ၉၀ ရှိပါ
တယ်။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ..........................................
ကျွန်တော်သုံးနေရာခွဲတင်ပေးထားပါတယ်အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါခင်ဗျာ........

Downloading From Ifile.it  

Downloading From Ziddu  

Downloading From Mediafire
 
မိတ်ဆွေတို့ရဲ့Thank ဆိုသောစကားတစ်ခွန်းသည်နောက်ထပ်ပို့ဒ်တစ်ခုတင်ရန်အားဆေးတစ်ခွက်ဖြစ်ပါသည်
 

အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ................................

Windows 7 Themes 90

Posted on 4:13 AM by Wathan


အခုကျွန်တော် Window 7 Themes လေးတွေစုထားတာကိုတင်ပေးလိုက်ပါတယ်။ Themes ပေါင်း ၉၀ ရှိပါ
တယ်။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ..........................................
ကျွန်တော်သုံးနေရာခွဲတင်ပေးထားပါတယ်အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါခင်ဗျာ........

Downloading From Ifile.it  

Downloading From Ziddu  

Downloading From Mediafire
 
မိတ်ဆွေတို့ရဲ့Thank ဆိုသောစကားတစ်ခွန်းသည်နောက်ထပ်ပို့ဒ်တစ်ခုတင်ရန်အားဆေးတစ်ခွက်ဖြစ်ပါသည်
 

အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ................................

ကျွန်တော်တို့ဒီတစ်ခါ Window 7 ဆိုတဲ့စာသားလေးနေရာမှာSoftware လေးသုံးပြီးကိုယ့်နာမည်လေးကိုယ်
ထည့်ကြည့်ရအောင်ဗျာ။နာမည်လေးပြောင်းရုံတင်မဟုတ်ပဲ ကျွန်တော်တို့ ပုံလေးတွေလည်းထည့်လို့ရပါတယ်
အောက်မှာကျွန်တော်ပုံလေးတွေနဲ့ပြပေးထားပါတယ်ခင်ဗျာ။
ပထမဆုံးအနေနဲ့ မိမိတို့လိုချင်တဲ့နာမည်လေးကိုပုံမှပြထားတဲ့အတိုင်းလုပ်ပေးလိုက်ပါ။

ကျွန်တော်တို့စာသားရဲ့အရောင်တွေရော ဆိုဒ်တွေရောပြောင်းပေးလို့ရပါတယ်။နောက်ထပ်ကျွန်တော်တို့
နာမည်အပေါ်က ICON ပုံလေးကိုမိမိတို့ပုံပြောင်းကြည့်မယ်ဗျာ။အောက်မှာပြပေးထားပါတယ်။

Animation ဆိုတဲ့နေရာလေးရဲ့ Static Image ဆိုတဲ့နေရာလေးကနေကျွန်တော်
တို့ပုံလေးထည့်ကြည့်ရအောင်ဗျာ။
ကျွန်တော်တို့ဒီပုံလေးဖြစ်သွားပါပြီ။နောက်ထပ် Animation လေးထပ်လုပ်ကြည့်ရအောင်ဗျာ။
ကျွန်တော်တို့ Animation ဆိုတာလေးကနေ  ပါလာတဲ့ Animation ဖိုင်လေးတွေကို ဖိုလ်ဒါလိုက်ရွေးပေးရပါ
တယ်။
ကျွန်တော်တို့ဒါလေးကတော့ Black & White Animation လေးပါ။ကျွန်တော်ဒီ Software လေးကိုသုံးနေရာ
ခွဲပြီးတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါခင်ဗျာ။

Downloading From Ziddu  

Downloading From Ifile.it  


အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ........................................................

0diggsdigg


ကျွန်တော်အခု Tatto တွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်  Pictures လေးတွေတင်ပေးလိုက်ပါတယ်။
ပုံကတော့ 200 နီးပါးရှိပါတယ်။
ကျွန်တော် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါ။

 Downloading From Ziddu ( 1 )

 Downloading From Ziddu ( 2 ) 



Windows theme manager

Posted on 4:05 AM by Wathan


Windows  theme manager  လေးပါ..။ဒါလဲအကိုတစ်ယောက်တောင်းထားလို့ရှာပြီးတင်ပေးလိုက်တာပါ..။
မိမိတို့စိတ်ကြိုက်  Theme  လေးတွေကို  Theme  manager  လေးနဲ့ရွေးပြီးတစ်ခါထဲဒေါင်းလော့ချပြီးချိန်း
ပေးလိုက်ယုံပါပဲ..။မိမိတို့စိတ်ကြိုက်သာရွေးပြီးတော့သုံးကြည့်လိုက်ပါ..။အသုံးပြုရတာလဲဘာမှမခက်ပါ
ဘူး..။လိုအပ်တဲ့သူတွေကတော့အောက်မှာအဆင်ပြေတဲ့လင့်လေးတွေကနေသာဒေါင်းလော့ချသွားလိုက်
ပါ..။




Download   From  Ifile.it


Download   From   Mediafire


Download   From   up4vn.com



အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ....

The best Windows Sidebar Gadgets

Posted on 4:00 AM by Wathan

ကျွန်တော်အခု Windows Sidebar Gadgets လေးတွေကိုစုထားတာတွေ့တာနဲ့တင်ပေးလိုက်ပါတယ်။
လိုချင်တာကိုသာရွေးပြီး RUN လိုက်တော့ဗျာ။စုစုပေါင်း 600  နီးပါးလောက် ရှိပါတယ်။
ဖိုင်ဆိုဒ်ကတော့ 98.3 MB လောက်ရှိပါတယ်။ကျွန်တော်နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်
လင့်ခ်လေးကနေသာယူသွားလိုက်ပါဗျာ။ 

Downloading From Ifile.it  

Downloading From Mediafire  

မိတ်ဆွေတို့ရဲ့Thank ဆိုသောစကားတစ်ခွန်းသည်နောက်ထပ်ပို့ဒ်တစ်ခုတင်ရန်အားဆေးတစ်ခွက်ဖြစ်ပါသည်

အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Desktop Icon Toy 4.6

Posted on 3:52 AM by Wathan

ကျွန်တော်တို့ Desktop လေးကို မိမိတို့ လိုအပ်သလို ပြောင်းလဲအသုံးပြုလို့ရအောင် ဒီ Desktop Icon Toy  လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။ မိမိတို့ Desktop ပေါ်က Icon လေးတွေကို မိမိတို့ နှစ်သက်တဲ့ ပုံ စံလေးတွေ ထားပေးနိုင်သလို Mouse Pointer လေးထောက်လိုက်ရုံနဲ့ Icons လေးတွေခုန်နေခြင်း စတဲ့ Features လေးတွေ ပါဝင်ပါတယ်။ အထဲမှာ 32 နဲ့ 64 အတွက်ကို ခွဲပေးထားပါတယ်။ ဖိုင်ဆိုဒ်က 2.6 MB ပါ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာယူသွား လိုက်ပါဗျာ။


Desktop Icon Toy 4.6 
 
 

Winstep Nexus Ultimate 11.6

Posted on 3:48 AM by Wathan


ကျွန်တော်အခု Winstep Nexus ဆိုတဲ့ Dock လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Desktop ရဲ့ အဆင်ပြေသလိုရွေးထားလို့လဲရပါတယ်။ဝင်းဒိုးအတွက်  Professional dock လေးတစ်ခုလဲဖြစ်ပါတယ်။ မိမိတို့ရဲ့ Desktop ပေါ်မှာတင်ပဲ မိမိတို့ စက်ကို ပြုပြင်ပေးနိုင်ပါတယ်။ အသုံးပြုကြည့်လိုက်ပါ။ သူ့အတွက် Serial keys လေးတွေပါထည့်ပေးထား ပါတယ်။ Desktop ကို Capture ဖမ်းတဲ့ Tools လေးတွေကအစပါပါတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။ အဆင်ပြေပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက် ပါဗျာ။
Winstep Nexus Ultimate 11.6



အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။



Cold 2 Theme For Window 7

Posted on 3:43 AM by Wathan


ကျွန်တော်အခု Cold Theme လေးတစ်ခုတင်ပေးလိုက်ပါတယ်.။ တော်တော်လေးကိုလန်းပါတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။ ပါတဲ့ Setup ဖိုင်လေးကို RUN ပေးလိုက်ရင် ကျွန်တော်တို့ Theme လေးတွေထဲကို ၀င်သွားပါပြီ။ ၀င်ပြီးပြောင်းပေးလိုက်ရင် ချိန်းသွားပါပြီ။ ဖိုင်ဆိုဒ်ကတော့  4.54 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်. အဆင်ပြေမယ့်လင့်ခ်လေးကနေ သာယူသွားလိုက် ပါဗျာ။
Cold 2 Theme For Window 7
အားလုံးပဲအဆင်ပြေကြပါစေ.ကျေးဇူးတင်ပါတယ်ခင်ဗျာ..