Player skin လေးတွေကို ကိုယ်တိုင်လုပ်ပြီး သုံးရတာက ပျော်ဖို့ကောင်းတယ်ဗျ။ သူများတွေ လုပ်ပြီး ရှယ်နေကြတာတွေတွေ့တော့ ကျနော်လည်း လွယ်လွယ်ကူကူ နည်းရှိရင် ပြောပြဖို့ရှာကြည့်လိုက်ပါတယ်။ သပ်သပ်ယပ်ယပ်နဲ့ အဆင်လည်းပြေရမယ် လွယ်လည်းလွယ်ရမယ်လေ။ အခု ကျနော် လုပ်ထားတာလေးတွေ ကြည့်လိုက်ပါဦး …
Image Hosting by Picoodle.com Image Hosting by Picoodle.com

အဲဒါလေးတွေက လုပ်ရလွယ်သလို သပ်ယပ်တယ်။ နောက်ပြီး ဘာ error မှာ မရှိအောင်ကို အဆင်ပြေပါတယ်။ လေရှည်နေပြီဗျာ ။ ကျနော်နဲ့ အတူ လိုက်လုပ်ကြည့်ကြရအောင်ဗျာ … အောက်က Software လေး တစ်ခုတော့ လိုပါလိမ့်မယ်။

Download Mirror 1 : Zshare (Skinner Tool 2.4)

Download Mirror 2 : Mediafire (Skinner Tool 2.4)
အဲဒါလေး ဒေါင်းပြီး run လိုက်ပါ။ freeware ပဲဖြစ်လို့ ဘာ ကီးမှလည်း မလိုပါဘူး။ ပြီးရင် All Programs ထဲက Skinner Too ကို နှိပ်ပြီး စလုပ်ပါမယ်။
အောက်ကအတိုင်း ပေါ်လာတဲ့ window မှာ File – Open Image ကို နှိပ်ပြီး ဓါတ်ပုံတစ်ပုံကို ယူပါတယ်။ ပုံအရွယ်အစားက အနည်းဆုံး 275×348 Pixels ရှိရမှာဖြစ်ပါတယ်။ လက်ရှိ တင်ထားတဲ့ Wallpaper ကို လုပ်ချင်တာဆိုရင်လည်း Open Image အောက်က Current Wallpaper ကို နှိပ်ပေးရုံပါပဲ။
Image Hosting by Picoodle.com
မိမိရွေးလိုက်တဲ့ ပုံပေါ်လာပါတယ်။ ပုံနေရာကို Drag ဆွဲပြီး နေရာချိန်ညှိလို့ရပါတယ်။
Image Hosting by Picoodle.com
Target Skin ဆိုတဲ့ နေရာမှာကြည့်လိုက်ပါ။ အဓိက က Classic Skin နဲ့ Modern Skin ဖြစ်ပါတယ်။ တစ်ခုကို ရွေးပေးလိုက်ပါ။ အောက်မှာပြထားတာက Classic Skin ဖြစ်ပါတယ်။ သူက Play List ကိုပါ ပုံနဲ့ယူလိုက်တာဖြစ်ပါတယ်။
Image Hosting by Picoodle.com
ကျနော်အခုလုပ်ပြမှာက Modern Skin နဲ့ လုပ်ပြပါ့မယ်။ Image Setting ဆိုတဲ့နေရာရဲ့ Pattern ဆိုတာကို တစ်ခုလောက်ရွေးကြည့်လိုက်ပါ။ ဒီအတိုင်း အလွတ်ထားတာထက် Pattern ပါးပါးလေးပါတာက ပိုလှပါတယ်။
Image Hosting by Picoodle.com
စကေး နဲ့ အလင်း၊ အမှောင်တွေကို ကျနော်ချိန်ပြထားပါတယ်။ မိမိပုံနဲ့ အဆင်ပြေသလို စမ်းကြည့်လိုက်ပါ။
Image Hosting by Picoodle.com
နောက်တစ်ဆင့် စဖို့အတွက် Make Skin! ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
Skin Template မှာ မိမိကြိုက်တာရွေးကြည့်လိုက်ပါ။ Preview ပေါ်တဲ့အတွက် အသုံးလွယ်ပါတယ်။ စာလုံးအရောင်တွေ ခလုပ်အရောင်တွေကို Skin Setting ရဲ့အောက်မှာပြောင်းပေးနိုင်ပါတယ်။
Image Hosting by Picoodle.com
အခုပြင်နေတာက Skin Setting ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ခေါင်းစဉ်တပ်ပါ့မယ်။ Skin Setting ဘေးက မျှားလေးကိုနှိပ်လိုက်ပါတယ်။ Drop Down menu လေး ပေါ်လာပါတယ်။ ဒုတိယမြောက် Text Tittle ကိုရွေးပါတယ်။
Image Hosting by Picoodle.com
စာလုံးအရောင် အရွယ်နဲ့ ပုံစံ နေရာတွေကို ပြင်ဆင်နိုင်ပါတယ်။ Edit Tittle ဆိုတာကို နှိပ်ပြီး မိမိပေးချင်တာကိုရေးနိုင်ပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Image Hosting by Picoodle.com
နောက်တစ်ခုက Visualization ပါ။ Drop menu ရဲ့ တတိယမြောက်ပေါ့။ Options ကို နှိပ်ပြီး အရောင်ပြောင်းလို့ရပါတယ်။
Image Hosting by Picoodle.com
နောက်တစ်ခုကတော့ Standard Frame ဆိုတာလေးပါ။ အောက်ဆုံးက Play List ကို အရောင်တွေ ပြောင်းဖို့ဖြစ်ပါတယ်။
Image Hosting by Picoodle.com
အားလုံးကျေနပ်ပြီ ဆိုရင်တော့ Save ကိုနှိပ်ပြီး နာမည်ပေး save လိုက်ရုံပါပဲ။
Image Hosting by Picoodle.com
Save လိုက်တဲ့နေရာမှာ winamp ရဲ့ logo လေးအတိုင်း ပေါ်နေပါတယ်။ Double click နဲ့ run ပေးလိုက်ပါ။
Image Hosting by Picoodle.com
professional တေဆွဲထားတဲ့ skin အတိုင်းပဲ ဖြစ်ပါတယ်။ ဘာ error မှ မရှိပါဘူး။ ထုံးစံအတိုင်း Confirm လုပ်တာပါ။ ok နှိပ်ပေးလိုက်ရင် မိမိဆွဲထားတာပေါ်လာပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com
Player မှာ Right click လုပ်၊ Skin ကို ထောက်ကြည့်လိုက်ပြီး မိမိလုပ်ထားသမျှ အလွယ်တကူပြောင်းသုံးလို့ရပါတယ်။
Image Hosting by Picoodle.com
တစ်ခါလုပ်ပြီး အဲဒီဖိုင်လေးသိမ်းထား၊ သုံးချင်တဲ့အချိန် run ပေးလိုက်ရုံပါပဲ။ ချစ်သူဆီ ပို့ချင်တဲ့ လူတွေ အမြန်လုပ်ကြတော့ဗျို့ … ။
Winamp Player မရှိသေးရင်တော့ ဒီမှာသာ ဒေါင်းလုပ်သွားလုပ်လိုက်ပါ။


မှတ်ချက် ။      ။ ကိုသံလုံ့ ဆီမှ ။

Delete လုပ်မိသွားတဲ့ ဖိုင်တွေကို အလွယ်တကူ ပြန်ရှာလို့ ရတဲ့ ပေါ့ပေါ့ပါးပါး software လေးတစ်ခု ရလို့မျှဝေချင်ပါတယ်။ အရင်ကလည်း အများကြီး သုံးကြည့်ဘူးပါတယ်။ ကြာတယ် လေးတယ်၊ သာမာန်ဖိုင်လေးတစ်ခု မှားဖျတ်မိလို့ ချက်ချင်းပြန်လိုချင်ပါတယ်ဆို သူ့ software က လေးနေတာနဲ့ စိတ်ဓါတ်ကျသွားတယ်။ ပြန်ကို မရှာချင်တော့ဘူး ဖြစ်သွားတယ်။ အခု software လေးက တော်တော်လေး မိုက်တယ်ဗျ။ မြန်တယ် လွယ်တယ်၊ လှတယ်၊ တကယ်လည်း ချက်ခြင်းကို ပြန်ရှာပေးနိုင်တယ်။ ဒါပေမယ့် NTFS format အတွက်ပဲ ရှာလို့ရမှာဖြစ်ပါတယ်။ အခု ခေတ်မှာတော့ windows သုံးတဲ့ လူတိုင်း NTFS ဖြစ်နေမှာပါ။ အဲဒီအတွက် အရမ်း အသုံးဝင်ပါတယ်။ ပိုအဆင်ပြေတာက portable ဗျ ။ ဆိုဒ်ကလည်း 2 Mb ထဲ ရှိတာဆိုတော့ သိမ်းထားရ အဆင်ပြေတယ်လေ။ Shift+Delete နှိပ်ပြီး မှားဖြတ်မိတာပဲ ဖြစ်ဖြစ်၊ recycle bin ကို clear လုပ်မိတာပဲ ဖြစ်ဖြစ်ပေါ့၊ ပြန်လိုချင်တယ်ဆိုရင် အောက်က ကျနော် ရေးပြထားတဲ့ အတိုင်းလေး အလွယ်တကူ ပြန်ယူရုံပဲဗျ။ အရမ်းအဆင်ပြေပါတယ်။   
Image Hosting by Picoodle.com
Download Mirror 1 : Mediafire (Smart.NTFS.Recovery_4.1) _ Portable
Download Mirror 2 : Zshare (Smart.NTFS.Recovery_4.1) _ Portable
သူက portable ပဲ ဖြစ်လို့ .exe ဖိုင်တစ်ခုထဲပါပါတယ်။ အဲဒါလေးကို run လိုက်တာနဲ့ အပေါ်ပုံမှာ ပြခဲ့သလို မြင်ရမှာပါ။ မိမိမှာ ခွဲထားသမျှ partitions တွေကို ပြပေးမှာပါ။ ဘယ်အပိုင်းက ဖျတ်မိတာကို ပြန်ယူမလဲပေါ့။ အဲဒါလေးကို ရွေးပေးနိုင်ပါတယ်။
Image Hosting by Picoodle.com
နောက်တစ်ခုက ဘာဖိုင်အမျိုးအစားကို ပြန်ရှာချင်တာလဲပေါ့။ အားလုံးရှာမယ်ဆိုရင်တော့ အပေါ်ဆုံးက All files ကိုပဲ ရွေးပေးလိုက်လို့ရပါတယ်။
Image Hosting by Picoodle.com
အားလုံးရွေးပြီးပြီဆိုရင် Find ကို နှိပ်ပြီး ရှာလိုက်ရုံပါပဲ။
Image Hosting by Picoodle.com
အရမ်းမြန်ပါတယ်။ သူရှာလို့ ပြီးတာနဲ့ အောက်ပါအတိုင်း တွေ့ထားတာတွေကို box ကြီးနဲ့ လာပြပါတယ်။
Image Hosting by Picoodle.com
မိမိ ပြန်ယူမယ့် ဖိုင်တွေကို check ပေးပြီး Restore ကို ပြန်နှိပ်ပေးရုံပါပဲ။ Desktop ပေါ်မှာ Restore Files နာမည်နဲ့ ဖိုဒါတစ်ခု ထဲ ရောက်နေမှာ ဖြစ်ပါတယ်။
Image Hosting by Picoodle.com
တကယ်လို့ Recovery Tool တွေနဲ့ပါ ရှာလို့ မရစေချင်ဘူး ဆိုရင်တော့ Wipe ကို နှိပ်ပြီး ထပ်ဆင့် ဖျတ်ပေးလိုက်ပေါ့ဗျာ။ ဒါဆို တကယ် ရှာမတွေ့နိုင်တဲ့ ဖိုင်တွေဖြစ်သွားပါပြီ။
Image Hosting by Picoodle.com
အသုံးဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တကယ်ကို ကြိုက်လို့ အသုံးတည့်တာမို့လို့ တင်ပေးတာ ဖြစ်ပါတယ်။ ကွန်ပျူတာ အသုံးပြုသူတိုင်း မှားဖျတ်တတ်ကြတာဖြစ်လို့ ၊ ခဲတံနောက်မှာ ခဲဖျတ် တပ်ထားသလို ၊ မိမိကွန်ပျူတာမှာလည်း Smart.NTFS.Recovery လေး သိမ်းထားသင့်ပါတယ်။ သုံးကြည့်လိုက်ကြပါဦး။


မှတ်ချက် ။         ။  ကိုသံလုံ ဆီမှ ။