Rainbowas Theme For Windows 7

Posted on 6:49 AM by Wathan

ကျွန်တော် Themes လေးတွေ မတင်ပေးဖြစ်တာ တော်တော် ကြာသွားပါပြီ .. အခုကျွန်တော် Rainbows လေးတင်ပေး လိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြုချင်ရင်တော့  အခုတင်ပေးလိုက်တဲ့ ကောင်လေးကို Double Click ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် Rainbows Theme လေးကို အလိုအလျောက် အသုံးပြုလို့ ရသွားပါလိမ့်မယ် ..


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 
 
 

ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ အပြင်မှာ ၀ယ်ဖတ်ဖို့ အဆင်မပြေတဲ့ သူများ အဆင်ပြေအောင် ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ ချသွားလိုက်ပါ .. 

 









အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
 
 


ဒီဆော့ဝဲလ် လေးကတော့ ဂစ်တာတီးတတ်ချင်ပေမဲ့ ဂီတာ လက်ကွက် မသိတဲ့သူများအတွက်ပါ ..။ Chord မျိုးစုံ ကြည့်လို့ရပါတယ်..။ အသံနဲ့ Chord ကို အတူတွဲထားတာမို့ သုံးရတာအဆင်ပြေပါတယ်။

C-box မှာ တောင်းဆိုသွား တဲ့ သူငယ်ချင်း နဲ့အတူ လိုအပ်လို့ ရှာမရဖြစ်နေတဲ့ သူငယ်ချင်းများ အတွက်ပါ ရှာကြံပြီးတင်ပေးလိုက်ပါတယ်..။

Full Version အနေနဲ့ အမြဲတမ်းသုံးနိုင်ဖို့ Keygen လေးပါ ပါပါတယ်..။

Full Version ဖြစ်ဖို့ Keygen မသုံးတတ်ရင် C-box , Facebook Wall  , Comment တနေရာရာ ကနေ အော်သွားခဲ့ပါ..။

Download Billion Chords v1.0 - 1 MB 



(အောင်မျိုး: အစ်ကို ရေ အစ်ကိုပြောတဲ. အတိုင်းပဲ Billion chords က keygen ထည်.လို.မတတ် ဘူးဗျ။ ကူညီပါဦး။ )

ထင်တဲ့ အတိုင်းပါပဲ တချို့ သူငယ်ချင်းတွေ ဒီ Keygen ကိုမသုံးတတ်လောက်ဘူးဆိုတာ..။ ဒါ့ကြောင့် အပေါ်မှာ Keygen မသုံးတတ်ရင် အော်ထားခဲ့ပါလို့ မှာထားတာ ....;p

ကျနော် သုံးဖူးသမျှ Keygen ထဲမှာတော့ ဒီ Keygen က ခေါင်းအစားဆုံးပါပဲ ...။ တကယ်တမ်းတော့ လွယ်လွယ်လေးပါ...:D

Billion Chords ရဲ့ အပေါ်ဆုံး ဘယ်ဘက် ထောင့်နားလေးက Help ကိုနှိပ်ပြီး  About  ကိုနှိပ်လိုက်ရင် ပုံထဲကအတိုင်း Serial No လေးတွေကို ရေးမှတ်ထားလိုက်ပါ (ကော်ပီ ကူးလို့မရပါဘူး ဒါ့ကြောင့် ရေးမှတ်ဖို့ပြောတာပါ)


ပြီးတော့မှ Keygen.exe လေးကို Run လိုက်ပါ...။ ပုံထဲကအတိုင်း နံပါတ် 1 မှာ  စောစောကရေးမှတ်ထားတဲ့ Serial No လေးတွေ ထည့်ပေးလိုက်ပါ... ပြီးရင် နံပါတ် 2 က Generate ကို နှိပ်လိုက်ပါ...အဲဒါပါပဲ Activation Code ဆိုတဲ့ အကွက်ထဲက ကုဒ် လေးတွေကို ကော်ပီ ကူးပြီး


Billion Chords ကိုပြန်သွားပါ... အပေါ်ဆုံး ဘယ်ဘက်ထောင့်နားက Activate Billion Chords ကိုနှိပ်ပါ Enter Activation Code ကိုထပ်နှိပ်လိုက်လို့ ပေါ်လာတဲ့ Box လေးထဲမှာ အစောက ကော်ပီ ကူးထားတဲ့ ကုဒ်နံပါတ်တွေ ထည့်ပေးလိုက်ပါဗျာ.. ဟီးးး ဒါပါပဲ ...။ အားလုံး ပျော်ရွှင်ပါစေ...။

ဓါတ်ပုံပြင်တာ ၀ါသနာ ပါတဲ့သူတွေအတွက် အလွယ်တစ်ကူ အသုံးပြုနိုင်တဲ့ Portable လေးတွေကို တင်ထားခဲ့သမျှတွေကနေ Link တွေကို တစ်နေရာတည်းမှာ ပြန်လည်စုစည်းပေးလိုက်ပါတယ်....Portable စော့ဝဲတွေဖြစ်တဲ့ အတွက် အလွယ်တစ်ကူ အသုံးပြုနိုင်သလို သွားတဲ့နေရာတိုင်းကိုလည်း USB Drive တစ်ခုရှိရုံနဲ့ အလွယ်တစ်ကူ သယ်ဆောင်သွားနိုင်ပါတယ်.....စိတ်ဝင်စားးတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်....


Photobucket
Frame PhotoEditor 5.0 Portable
Artizen HDR Portable
Mojosoft Photo Frame Studio 2.4 Portable
Wondershare Photo Collage Studio 4.2.10.4
AVS Photo Editor 1.1.1.54 Portable
Elfin Photo Editor 1.0 Portable
MobaPhoto portable
Boxoft Photo Magic Maker 1.3.0.0 Portable
Beauty Guide 1.3 Portable
PhotoFiltre Studio X 10.3.3 Portable 
 
 
 

PDFCreator 1.3.1

Posted on 3:16 AM by Wathan


ကျွန်တော်အခု PDF Creator ကိုအသုံးပြုနေသူများအတွက် နောက်ဆုံးထပ်ထွက်လာတဲ့  ကောင်လေးတင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့ Microsoft word ကနေ PDF ချိန်းနေသူများ နဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်အများကြီးတော့ မပြောပြတော့ပါဘူး။ သုံးနေတဲ့သူအများလဲ သိကြမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်က 17.3 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။။
PDFCreator 1.3.1

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ .။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

0diggsdigg
ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊   ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. 

ကျွန်တော် တို့ Vistalizator   ဆိုတဲ့ ကောင်လေးကို သုံးပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ် .. Vistalizator  ကို ဒီအောက်မှာ ပေးထားတဲ့ ဆိုဒ်လေးမှာ သွားပြီးတော့ လည်း ဒေါင်းလော့ ချနိုင်ပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာလည်း တင်ပေးထားတာ ရှိပါတယ် .. 
Vistalizor လေးကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Language Pack ချိန်းချင်တဲ့ Language အတွက် Language Pack ကို Windows 7 SP 1 အတွက် ဒီအောက်ကလင့်မှာ တင်ပေးထားပါတယ် .. သွားပြီးတော့ ဒေါင်းလော့ချလိုက်ပါ .. ဒေါင်းလော့ချတဲ့ အခါမှာ မိမိတို့ရဲ့ Windows Version အလိုက် 32 Bits နဲ့ 64 Bits ဆိုပြီး ခွဲတင်ပေးထားတာ ဖြစ်ပါတယ် .. မိမိတို့ အသုံးပြုနေတဲ့ Windows Version အောက်မှာ တင်ပေးထားတဲ့ Language Pack ကို ဒေါင်းလော့ ချလိုက်ပါ  ..
ကျွန်တော် အောက်မှာတော့  Windows 7 English Language Pack ( 64 Bits ) ကိုတင်ပေးထားပါတယ်  .. 
Vistalizator  ရော Language Pack ရော ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ Language Pack စပြီးချိန်း ကြရအောင်ဗျာ .. ဒီအဆင့်မှာ အများစု ကြုံရတာလေး တစ်ခုကို ပြောပြ ချင်ပါတယ် .. Vistalizator   ကို ဖွင့်လိုက်တဲ့ အခါမှာ အောက်က ပုံမှာ ပြထားသလို Error Code လေး တက်လာတာကို ကြုံဖူးတဲ့ သူများ ရှိပါလိမ့်မယ် .. 
 
အပေါ်က ပြထားတဲ့ Error   မျိုး ကြုံလာရပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း Vistalizator  ကို  Compatiblity မှာ  အမြင့်ဆုံး OS ကို ပြောင်းပေးလိုက်ပါ .. မိမိတို့စက်မှာ Windows 7 ကအမြင့်ဆုံး ဆိုရင် Windows 7 ကိုပြောင်းလိုက်ပါ .. ပြီးရင်တော့  Apply >> OK ပေးလိုက်ယုံပါပဲ .. 
အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပြီးသွားလို့ Error မတက်တော့ ဘူးဆိုရင်  Vistalizator  ကို Run လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ ချိန်းချင်တဲ့  Language Pack ကိုယူလိုက်ပါ ..
 အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း  Add Languages  မှတစ်ဆင့် မိမိတို့  အသုံးပြုချင်တဲ့  Language  Patch  File  ကိုရွေးချယ်လိုက်ပါ .. ဒါဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Run နေပါလိမ့်မယ် .. ခဏ စောင့်ပေးလိုက်ပါ ..
အပ်ါက အဆင့်တွေ အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မယ် ..  အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့  မိမိတို့ ပြောင်းချင်တဲ့ Language Pack File ကို  Double Click ပေးလိုက်ပါ   
ဒါဆိုရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  Waring Box လေး ပေါ်လာပါလိမ့်မယ် .. OK ပေးလိုက်ပါ .. ပြီးရင်တော့ မိမိတို့ အသုံးပြုချင်တဲ့  Language Pack  File ကို စတင်ပြီး  Install လုပ်နေပါလိမ့်မယ် ..
အပေါ်က အဆင့်အတိုင်း ပေါ်လာပြီးလို့  OK  ပေးပြီးသွားပြီ ဆိုရင်တော့ အောက်ပုံမှာ ပြထားတဲ့အတိုင်း  Change Language  ကိုနှိပ်ပြီး  မိမိတို့ အသုံးပြုချင်တဲ့  Language Pack ကို ချိန်းပေးလိုက်ပါ ..
အပေါ်က ပေါ်မှာ ပြထားတဲ့ အတိုင်း  Information Box လေးပေါ်လာပြီ ဆိုရင်တော့ OK ပေးလိုက်ပြီး အောက်မှာ ပြထားတဲ့ အတိုင်း  Vistalizator လေးကို  Exit ပေးလိုက်ပါ .. 
အောက်ကပုံအတိုင်း  Confirm Box လေးပေါ်လာပြီ ဆိုရင်တော့ Yes  ကိုပေးလိုက်ပါ .. ဒါဆိုရင်  Restart ကျသွားပါလိမ့်မယ် .. Windows ပြန်တက်လာပြီ ဆိုရင်တော့ မိမိတို့  Windows က Language Pack ချိန်းပြီးသွားတာ တွေ့ရပါလိမ့်မယ် .. 
ဒီလောက် ဆိုရင်တော့ အားလုံးပဲ  Windows 7 SP 1 မှာ  Language Pack ချိန်းတက်သွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF FILE ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..
 အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
 
 

ArcSoft Perfect365 1.1.0.12

Posted on 2:20 AM by Wathan


ကျွန်တော်တို့ ဓါတ်ပုံလေးတွေကို အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုပြင်ပေးနိုင်ဖို့အတွက် ဒီ Tools လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ကလစ်တစ်ချက်နဲ့တင်ကို ကျွန်တော်တို့ရဲ့ မျက်နှာက အမဲစက် တွေ အချိုင့်တွေ နဲ့ တခြား မျက်ကွင်းညိုတာကအစ ပေါ့ပေါ့ပါးပါးနဲ့  အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မိန်းကလေးတွေအတွက်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ မျက်တောင်အတုထည့်ပေးတာက အစ ပါဝင်ပါတယ်။ အသုံးပြုနည်းကတော့ ရိုးရှင်းပါတယ်။ 13.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ.။
ArcSoft Perfect365 1.1.0.12
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.။ကျေးဇူးတင်ပါတယ်ခင်ဗျာ.