Posted on
4:00 AM
by Wathan
ကျွန်တော်အခု Windows Sidebar Gadgets လေးတွေကိုစုထားတာတွေ့တာနဲ့တင်ပေးလိုက်ပါတယ်။
လိုချင်တာကိုသာရွေးပြီး RUN လိုက်တော့ဗျာ။စုစုပေါင်း 600 နီးပါးလောက် ရှိပါတယ်။
ဖိုင်ဆိုဒ်ကတော့ 98.3 MB လောက်ရှိပါတယ်။ကျွန်တော်နှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်
လင့်ခ်လေးကနေသာယူသွားလိုက်ပါဗျာ။
Downloading From Ifile.it
Downloading From Mediafire
Posted on
3:52 AM
by Wathan
ကျွန်တော်တို့ Desktop လေးကို မိမိတို့ လိုအပ်သလို ပြောင်းလဲအသုံးပြုလို့ရအောင် ဒီ Desktop Icon Toy လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။ မိမိတို့ Desktop ပေါ်က Icon လေးတွေကို မိမိတို့ နှစ်သက်တဲ့ ပုံ စံလေးတွေ ထားပေးနိုင်သလို Mouse Pointer လေးထောက်လိုက်ရုံနဲ့ Icons လေးတွေခုန်နေခြင်း စတဲ့ Features လေးတွေ ပါဝင်ပါတယ်။ အထဲမှာ 32 နဲ့ 64 အတွက်ကို ခွဲပေးထားပါတယ်။ ဖိုင်ဆိုဒ်က 2.6 MB ပါ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာယူသွား လိုက်ပါဗျာ။
Desktop Icon Toy 4.6
Posted on
3:48 AM
by Wathan
ကျွန်တော်အခု Winstep Nexus ဆိုတဲ့ Dock လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Desktop ရဲ့ အဆင်ပြေသလိုရွေးထားလို့လဲရပါတယ်။ဝင်းဒိုးအတွက် Professional dock လေးတစ်ခုလဲဖြစ်ပါတယ်။ မိမိတို့ရဲ့ Desktop ပေါ်မှာတင်ပဲ မိမိတို့ စက်ကို ပြုပြင်ပေးနိုင်ပါတယ်။ အသုံးပြုကြည့်လိုက်ပါ။ သူ့အတွက် Serial keys လေးတွေပါထည့်ပေးထား ပါတယ်။ Desktop ကို Capture ဖမ်းတဲ့ Tools လေးတွေကအစပါပါတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။ အဆင်ပြေပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက် ပါဗျာ။
Winstep Nexus Ultimate 11.6
Posted on
3:43 AM
by Wathan
ကျွန်တော်အခု Cold Theme လေးတစ်ခုတင်ပေးလိုက်ပါတယ်.။ တော်တော်လေးကိုလန်းပါတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။ ပါတဲ့ Setup ဖိုင်လေးကို RUN ပေးလိုက်ရင် ကျွန်တော်တို့ Theme လေးတွေထဲကို ၀င်သွားပါပြီ။ ၀င်ပြီးပြောင်းပေးလိုက်ရင် ချိန်းသွားပါပြီ။ ဖိုင်ဆိုဒ်ကတော့ 4.54 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်. အဆင်ပြေမယ့်လင့်ခ်လေးကနေ သာယူသွားလိုက် ပါဗျာ။
Cold 2 Theme For Window 7
အားလုံးပဲအဆင်ပြေကြပါစေ.ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Posted on
3:40 AM
by Wathan
ကျွန်တော်အခု နာရီလေးတွေကို နောက်ခံ Background နဲ့ ကိုက်ညီအောင် နဲ့ လန်းလန်းလေးသုံးလို့ရအောင် ဒီ Premium Clock လေးကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော်အောက်မှာလည်း နာရီလေးတွေနဲ့ Background လေးတွေ ပြောင်းပုံလေးကို ပုံနဲ့ပြပေးထားပါတယ်။ ကျွန်တော်တို့ နှစ်သက်တဲ့ ပုံလေးတွေနဲ့ နာရီလေးတွေကို နှစ်သက်သလို ပြုလုပ်လို့ရပါတယ်။ တစ်ကယ်လို့ စက်နဲ့ မကိုက်တဲ့ Error လေးတစ်ခုအတွက် အောက်မှာ ကျွန်တော် ဖြေရှင်းနည်းလေးကိုပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က တော့ 11.3 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ဒါကတော့ အကြမ်းဖျင်းရိုက်ပြထားတာပါ။
တစ်ကယ်လို့ ဒီလို Dll error လေးတက်လာရင်တော့ ကျွန်တော်ထည့်ပေးထားတဲ့ Msver71.dll ဖိုင်လေးကို C:\Windows\System32 ထဲကို ကူးထည့်ပေးလိုက်ပါ။ ဒါဆိုရင်အဆင်ပြေပါပြီ။
ဒီလိုမျိုးဖြစ်တက်တာပါ။ အောက်မှာ နာရီလေးတွေနဲ့ Background လေးတွေရွေးပေးတဲ့ နည်းလမ်းလေးကို ပြပေးထားပါတယ်။ နာရီလေးပေါ် Right-click ပေးပြီးချိန်းရင်ရပါပြီ။
ကျွန်တော်တို့ ဒီလောက်ဆိုရင် တော်တော်များများ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင် ပေးထားပါတယ်။ အဆင်ပြေမယ့် လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ။
Premium Clock 2.65
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Posted on
3:36 AM
by Wathan
အခုကျွန်တော် ScreenSaver လေးတစ်ခု တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးက လန်းတယ်လို့ တော့ပြောလို့ ရတယ် .. ဘာလို့လည်းဆိုတော့ ရိုးရိုးအလှ Screen Saver မဟုတ်ပါဘူး .. ဒီကောင်လေးက Weather အခြေအနေကို အပြင်မှာ ဖြစ်နေတဲ့ ရာသီဥတုလို ဖော်ပြပေး နေမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ Screen Saver လေးတစ်ခု သုံးနေရင်းနဲ့ ရာသီဥတု အခြေအနေလေး သိချင်ရင်လည်း အလွယ်တကူလေး ကြည့်နိုင်တာ ပေါ့ဗျာ .. လန်းတော့ လန်းတယ်နော် .. ဒီကောင်လေးကို အမြဲတမ်း သုံးချင်တယ် ဆိုရင်တော့ သူအတွက် Register Key လေးထည့်ပေးဖို့ လိုပါလိမ့်မယ် .. ကျွန်တော် ထည့်ပေးလိုက်တဲ့ အထဲက Key လေးကို Help >> Registration ကနေသွားပြီး ထည့်ပေးလိုက် ယုံပါပဲ .. သူရဲ့ မူရင်းဆိုဒ်လင့်မှာ နမူနာကို U-Tube ကနေ တင်ပေးထားတာ ရှိပါတယ် .. ကြည့်ချင်တဲ့ သူတွေကတော့ မူရင်းဆိုဒ်လင့်မှာသာ သွားကြည့်လိုက်ပါ .. သုံးချင်တဲ့ သူတွေအတွက်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Posted on
3:24 AM
by Wathan
ကျွန်တော်ဒီနေ့တော့ Desktop ပေါ်မှာ Gadget တစ်ခုတည်းနဲ့ အကုန်လုံးပါအောင် ထည့်လိုသူများနဲ့ လန်းလန်းလေးသုံးလိုသူများအတွက် ဒီကောင်လေးကို ထပ်တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Gadgets ပေါ်မှာ မြင်နေရတဲ့ တိမ်တွေက ပုံမှာပြထားသလို ရပ်မနေပါဘူး။ သွားနေတာပါ။ ဒါကတော့ HTC ကနေထုတ်ထားတဲ့ Gadgets လေးတွေပဲ ဖြစ်ပါတယ်။ သူ့အကြောင်းလေးကို အသေးစိတ်သိလိုရင် တော့ သူ့ရဲ့ မူရင်းလင့်ခ်လေးမှာ သွားကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ Gadgets တွေရဲ့ Capacity လျှော့ချပြီး Glass ပုံစံလေးတွေ သုံးနိုင်သလို မိမိတို့ နှစ်သက်သလိုလည်း ပြုပြင်ဖန်တီးပေးနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 9 MB ကျော်ကျော်လောက် ရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။ သူ့ရဲ့မူရင်း လင့်ခ်လေးကတော့ http://www.htchome.org/en/ ဖြစ်ပါတယ်။
HTC Sense Clock & Weather Gadget
အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။