American Eagle ။

Posted on 2:28 AM by Wathan

American Eagle



         အမေရိကန် ကယ်လီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုးရှိခဲ့တယ်။ အဲဒီ ငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ၀ယ်ကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတယ်။ ဒီလိုနဲ့ တစ်ဖြေးဖြေး လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့တယ်။ နောက်ဆုံးငှက်တွေ ရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့ အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်ခဲ့ကြတယ်။အမေရိကန် လင်းယုန်ငှက်မျိုးက ဘယ်လို ငှက်မျိုးလဲ ။ အရွယ်ရောက် လင်းယုန်ငှက် တစ်ကောင်ရဲ့ ကိုယ်အလေးချိန်က ကီလို ၂၀ အထိ ရှိနိုင်ပြီး ဖြန့်ထားတဲ့အတောင်ပံက ၃ မီတာ အထိရှိတဲ့ ငှက်ကြီးမျိုးဖြစ်တယ် ။ အမေရိကန်လင်းယုန်က ရေပြင်ပေါ်ပျံဝဲရင်း ရုတ်တရက်ထိုးဆင်းပြီး ပယ်လယ်ဖျံတစ်ကောင်ကို အလွယ်တကူ ကုတ်ယူနိုင်တဲ့ငှက်မျိုးဖြစ်တယ် ။ ဒီလိုငှက်မျိုး မျိုးတုန်းသွားတဲ့ အတွက် လူတွေ နှမြောနောင်တ ရခဲ့ကြတယ် ။ အမေရိကန် လင်းယုန်ငှက်တွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှ မတွေ့နိုင်ဘူးလို့လူတွေ ထင်နေချိန်မှာ ဒီငှက်မျိုးကို အထူးလေ့လာသုတေသန ပြုနေတဲ့အမေရိကန်လူမျိုး Ah. Steven ဆိုသူက တောင်အမေရိကားမှာ ရှိတဲ့ Andes တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေ တွေ့ရှိခဲ့တယ် ။ ကျယ်ပြန့်တဲ့နေရာ ၊ ပင်လယ်ပြင်တွေ ပေါ်မှာ ကျက်စားတတ်တဲ့လင်းယုန်ငှက်က ဒီလိုကျဉ်းမြောင်း သေးငယ်တဲ့ ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေ တစ်ခါမှ တွေးထင် မထားခဲ့မိကြဘူး ။

0 comments:

Post a Comment