အလွမ်းမိုး

Posted on 1:04 AM by Wathan

Photobucket


" အလွမ်းမိုး "

တစ်ခါကချိုမြိန်တဲ့အချစ်
ထိုစဉ်ကကြည်နူးရတဲ့အနမ်း
ခုတော့ပူလောင်ရတဲ့အလွမ်း

အချစ်အနမ်းအလွမ်း
ရောစပ်ထားတဲ့သောက
သီချင်းတစ်ပုဒ်ခုတော့
ငါသီဆိုတတ်ခဲ့ပြီ

တစ်ခါတစ်ခါ
မိုးရေထဲမှာ
အတိတ်အကြောင်းစဉ်းစားရင်း
တွေးဖြစ်ခဲ့တာက....
မ နဲ့ ကျွန်တော့်ရဲ့ အကြောင်း

သောကမီးဝန်းရံ
အိမ်မက်ဆိုးမက်စေပြီး
အလွမ်းတွေနဲ့
မိုးရေထဲမှာ.....
ခွဲခွာထားခဲ့ရက်တယ်။

အကြင်နာ လေချိုနှောလို့ သူက ဆိုပါသေးတယ်...
အချစ်ရယ် " ပြန်တော့ကွယ် " ။

အတိတ်ကမေ့မရတဲ့ဇာတ်လမ်း
စဉ်းစားရင်ခုန်ရင်း
အားအင်ချိနဲ့
ဒီမိုးရေထဲ.....
ငါတစ်ယောက်တည်း ။

မိုးရေနဲ့ဆေးကြော
ကင်းစင်မှုမရှိတဲ့
ငါ့ရဲ့ပူလောင်တဲ့အလွမ်း
ရက်စက်တဲ့အိမ်မက်ဆိုး
ကျိုးကြေနေတဲ့
ငါ့နှလုံးသား....ခုတော့
ထောင့်တစ်ထောင့်မှာ
နေ့ရက်များစွာ
ထင်ကျန်ခဲ့တာ
ယနေ့တိုင်ပါ။

တစ်ခါတုန်းက ရင်ထဲမှာ မှတ်မှတ်ရရ ခင်ခဲ့ဘူးတဲ့ သူတစ်ယောက် ( သို့ ) မ အတွက် အမှတ်တရ။


0 comments:

Post a Comment