ပါးပြင်နုနု
ချွေးတွေစုလည်း...
မျက်ရည်ဥတို့ မဖုံးကြေး။

သနပ်ခါး မွှေးမြ
နေရောင်ကျလည်း...
နှုတ်ခမ်းလှလှ မမဲ့ကြေး။

လက်ဖ၀ါးနုနု
သွေးကြည်ဥလည်း..
လောကဓံကို မမှူကြေး။

ခြေဖ၀ါးလှလှ
ဆူးတွေခလည်း..
မျက်ရည်စတို့ မကျကြေး။

ဘ၀ အရေး
နွေးထွေးစရာ ၊ အကြင်နာနှင့် ၊
ဖွေရှာအားမာန်
လောက..ဒဏ်ကို
ခုခံရင်ဆိုင် ၊ တုယှဉ်ပြိုင်လျက်၊

နိုင်နိုင် ရှုံးရှုံး ၊ အတူပြုံးမယ်
မုန်းတယ်လို့ လည်း မပြောကြေး။...။



0 comments:

Post a Comment