အမောပြေ ( ၁ )

Posted on 8:02 AM by Wathan

ဇာတ်သိမ်း

ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်၏။ သို.သော် သိပ်မကြာပါ။ ကျွန်တော့်ကို အသာတွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့မီးခလုတ်ကို လှမ်းပိတ်လိုက်၏။ ကျွန်တော် အရိပ်အခြေကို ကောင်းကောင်းနားလည်လိုက်ပါသည်။သြော်... သူအိပ်ချင်ရှာပြီကိုး။ ကျွန်တော် သနားစိတ်ဖြင့် ထပြန်ခဲ.ပါသည်။


သုံးရက်ကျမှ


နိုင်ငံ တကာ အမျိုးသမီး ညီလာခံ တခု ကျင်းပသည်၊ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး ၀ါဒီများ တက်ရောက်ကြ သည်၊ မြန်မာနိုင်ငံမှလည်း အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးပါသည်၊ အမေရိကန်အမျိုးသမီးက သူ့အတွေ့အကြုံကို စပြော သည်၊ ကျွန်မယောကျာ်းနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကိုပြော လိုက်တယ်။ ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူး။ အိမ်မ ရှင်းနိုင်ဘူးလို့၊ တရက် မမြင်ရဘူး၊ နှစ်ရက် မမြင်ရ ဘူး၊ သုံးရက် မြောက် တဲ့နေ့မှာ သူ ပုံးတပုံးနဲ့ ပြန်ရောက်လာတယ်၊ ပုံးထဲမှာ စက်ရုပ်တခု၊ အဲဒီစက်က သန့်ရှင်းရေးလုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်၊

အင်္ဂလိပ်အမျိုးသမီး အလှည့်ရောက်သည်၊

ကျွန်မလည်း ယောကျာ်းနဲ့ လက်ထပ်တဲ့ နေ့မှာပဲ ပြောလိုက်တယ်၊ ကျွန်မ ထမင်းမချက်နိုင်ဘူး၊ ပန်းကန်မဆေးနိုင်ဘူးလို့၊ တရက်မမြင်ရဘူး၊ နှစ်ရက်မမြင်ရဘူး၊ သုံးရက်မြောက်တဲ့ နေ့မှာ သူသေတ္တာတလုံးနဲ့ ပြန်လာတယ်၊ သေတ္တာထဲက စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်၊
မြန်မာ အမျိုးသမီးအလှည့်ရောက်လာသည်၊
ကျွန်မလည်း ယောကျာ်းနဲ့ လက်ထပ်တဲ့နေ့မှာပဲ ပြောလိုက်တယ်၊ ကျွန်မ တံမြက်စည်းမလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်နိုင်ဘူးလို့၊ တရက်မမြင်ရဘူး၊ နှစ်ရက်မမြင်ရဘူး၊

အဲ- သုံးရက်မြောက်တဲ့နေ့မှ ဘယ်ဖက်မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်၊ 


အကြောင်းပြချက်


လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ
သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။
ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ
ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေက
အမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ
နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့
တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။ ဂျူရီလူကြီးတွေက
အမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့
စက်ထဲ
ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော်
ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့
အကြောင်းပြချက်ကို ပြောပါတယ်။ 



ဒါလည်းဟုတ်သားပဲ 


ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

 
မှားတတ်ပလေ 


ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင် ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။
 


ခင်ဗျားတို့ကိုး 


ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား

"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့က
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"
တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"
 


မကျွမ်းကျင်သူ 


တစ်ခါက ရွာတစ်ရွာတွင် ကိုမဲ နှင့်မဖြူ တို့ သမီးရည်းစားဖြစ်နေကြရာ ကိုမဲ ၏ မိဘများမှတာဝန်ခံသဖြင့် မဖြူ၏မိဘများက လက်ထပ်ပေးလိုက်ကြ၏။ကိုမဲ မိဘများမှ
ကျုပ်တို့သား အရက်မသောက်တတ် ဖဲမရိုက်တတ်ပါဘူး စိတ်ချပါဟုကတိပေးလိုက်၏။
လက်ထပ်ပြီး(၁)ပတ်အကြာတွင် ကိုမဲ အရက်မူး ဖဲရှုံးပြန်လာသဖြင့်
မဖြူ၏မိဘများက ကိုမဲ ၏မိဘများကိုသွားပြောသည်။ခင်ဗျားတို့ပြောတော့ အရက်မသောက်
ဖဲမရိုက်တတ်ဘူးဆို
ထိုအခါ ကိုမဲ ၏မိဘများကပြန်ပြောလိုက်သည်မှာကား----
ဟုတ်တယ်လေ ကျုပ်တို့သားက အရက်မသောက်တတ်တော့
အရက်မူးတယ် ဖဲမရိုက်တတ်တော့ ဖဲရှုံးတယ် ဟူသတဲ့



အပျိုကြီးကအပျိုကြီးပဲ


တခါတုန်းက နတ်ပြည်မှာ နတ်သမီးအပျိုကြီးတယောက်ရှိသတဲ့ 
သူက တကိုယ်တည်းဆိုတော့ ကြာတော့ ပျင်းလာတာပေါ့ 

အဲဒါနဲ့ ပဲ .. သိကြားမင်းကိုသွားဂျီကျသတဲ့ 
သူ့ ကို ဖူးဇာရှင်ရှာပေးပေါ့ လေ ..
အဲ့ဒီတော့ သိကြားကပြောပြတယ်

မပူနဲ့ ပေါ့  မကြာခင် (နတ်ပြည်နဲ့  လူပြည် အချိန်ကွာတာကိုးး ) ရောက်လာမှာပေါ့ 
နတ်သမီးကအဲလောက်နဲ့ ဘယ်ရမလဲ ရစ်ရော
သူ့ကို အဲ့ဒီလူ ပြပါပေါ့

အဲဒါနဲ့  သိကြားကပြလိုက်တယ် အဲ့ဒီလူကဘုန်းကြီေးကျာင်းကပ်နေတဲ့  ခြေတဖက်ကျိုးကြီးတဲ့ 
သူ့ ကုသိုလ်က သူကလမ်းသွားရင် ခြေတဖက်ကတရွတ်တိုက်နေတော့  အမှိုက်လှည်းပေးသလိုဖြစ်နေတာတဲ့  အဲဒီ နတ်သမီး ကြည့်ရတာ နဲနဲ စပ်ဆော့ပုံရတယ်

တဘက်ထဲဆို ကုသိုလ်နည်းတယ်ပေါ့  ၂ဘက်လုံးချိုးလိုက်ရင် ကုသိုလ်ပိုများပြီး ငါ့ ဆီမြန်မြန်ရောက်မှာ နောက်ငါလဲ တန်ခိုးပိုကြီး တဲ့ နတ်ယောက်ျားလေးရရောဆိုပြီး နောက်ခြေတဘက်ပါချိုးလိုက်ရော
ဟိုလူသေတော့  ကုသိုလ်တွေက သိပ်များနေတော့  နတ်ဖြစ်တော့  အဲနတ်သမီးနေတဲ့အထပ်ကျော်ပြီး အပေါ်က နောက် အထပ်ကိုရောက်သွားရောတဲ့
အဲဒီနတ်သမီးလဲ အပျိုကြီးက အပျိုကြီးပဲတဲ့ 

 
သစ္စာရှင်


မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?

ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..

ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့



သုံးယောက်စီးတဲ့အမှု


ခရစ်ယာန် ဘုန်းတော်ကြီးနှစ်ပါး ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်လာ၍ Highway လမ်းမှ ရဲက တားလေတော့သည်။
ရှေ့မှ မောင်းနှင်လာသော ဘုန်းတော်ကြီးက "အဘယ်ကြောင့် အခုလို တားတာလဲ ဗျာ" .. "သြော် .. ဘရာသာ ရယ် .. သတ်မှတ်ထားတဲ့ အရှိန်ကို
ကျော်လွန်စွာ မောင်းနှင်လို့ အခုလို တားရတာပါ ဗျာ .. အရှိန်ကို လျှော့ပြီးမောင်းပါ" ဆိုပြီး ရဲ မှဆိုလေသည်။ ဘုန်းကြီးက စောဒက တက်ပြီး "မပူပါနဲ့ ကျုပ်တို့နောက်မှာ အမြဲတမ်း ဘုရားသခင် ပါပါတယ် ဗျာ" ဆိုပြီးပြောတဲ့ အဆုံးမှာ .. "ဒါဆိုရင် သုံးယောက်စီးတဲ့ အမှု့နဲ့ ဖမ်းရပါလိမ့်မယ်" ဆိုပြီး ရဲ ကပြန်ဖြေပါတော့တယ်။

လူမထွက်ဘူး

ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။   ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုန်း။
ဒကာမ ။   ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။   ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာမှာ မှမရှိဘူးဟ။ တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက မွေးတာတုံးဟ။
ဒကာမ ။   ။ တပည့်တော်မက မွေးတာပါ ဘုရား။
ဘုန်းကြီး ။   ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။ 



မဖြစ်ဘူး


"ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါဦး"
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြှုပ်ထားလိုက်ပေါ့ဗျာ"
"ဟာ.... ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ့ဗျ ။"
 
 
    

0 comments:

Post a Comment