Posted on
8:02 AM
by Wathan
ဇာတ်သိမ်း
ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်၏။ သို.သော် သိပ်မကြာပါ။ ကျွန်တော့်ကို အသာတွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့မီးခလုတ်ကို လှမ်းပိတ်လိုက်၏။ ကျွန်တော် အရိပ်အခြေကို ကောင်းကောင်းနားလည်လိုက်ပါသည်။သြော်... သူအိပ်ချင်ရှာပြီကိုး။ ကျွန်တော် သနားစိတ်ဖြင့် ထပြန်ခဲ.ပါသည်။
Posted on
5:05 AM
by Wathan
ပါးပြင်နုနု
ချွေးတွေစုလည်း...
မျက်ရည်ဥတို့ မဖုံးကြေး။
သနပ်ခါး မွှေးမြ
နေရောင်ကျလည်း...
နှုတ်ခမ်းလှလှ မမဲ့ကြေး။
Posted on
4:52 AM
by Wathan
ဖေဖေ တာဝန်ကျရာ ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့မြို့တော်ကို ကျွန်တော်ရောက်တော့ ဆောင်းဦးပေါက်ကာစပဲ ရှိသေးတယ်။ ဖေဖေတို့ပြောင်းရတုန်းက ကျွန်တော်က ဆယ်တန်းတက်နေတုန်း ဆိုတော့ ချက်ခြင်းလိုက်မသွားဖြစ်ဘူး။ အောင်စာရင်း ထွက်ပြီးတော့မှပဲ ရောက်ဖြစ်တာ။ နယ်စပ်မြို့လေးပီပီ အလုပ်အကိုင် အခွင့်အလမ်းတွေ များတော့ လူတိုင်းနီးပါး စီးပွါးရေး ပြေလည်ကြတယ်။
Posted on
7:39 AM
by Wathan
' မ ' မှ မ တစ်မ တည်း မ နေကြတဲ့ သူငယ်ချင်းတို့ အတွက် ' မ ' သီချင်းများ စုစည်းပြီး ရှာပေးလိုက်ပါတယ်။ တစ်ပုဒ်ချင်း ဒေါင်းလို့ ရအောင်လည်း တစ်ပုဒ်ချင်း တင်ပေးထားတယ်။ သိပြီးသား သီချင်းတွေ ပါသလို မသိသေးတဲ့ သီချင်းတွေလည်း ပါမယ်ထင်ပါတယ်။
Posted on
2:28 AM
by Wathan
အမေရိကန် ကယ်လီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုးရှိခဲ့တယ်။ အဲဒီ ငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ၀ယ်ကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတယ်။ ဒီလိုနဲ့ တစ်ဖြေးဖြေး လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့တယ်။
Posted on
1:59 AM
by Wathan
" မရှိခိုက် "
တညတာ ပျော်စရာကမ္ဘာရောက်အောင်
ငါ့မှာ ဒေါ်လာတရာလောက်တောင် မရှိ။
မသိမသာ ရင်ခုန်ဖို့ 
ကြည့်စရာ ရင်တစုံလည်းမရှိ။
အကြားအာရုံနဲ အားလေးတွေယူဖို့ 
စကားကဗျာစုံနဲ့ အားပေးနေသူလည်းမရှိ။
ဂျော်နီဝါးကားတံဆိပ်အရက်နဲ့ 
တော်ကီများပွါး နှိပ်စက်မယ့် သူငယ်ချင်းလည်းမရှိ။
ဆာလောင်မှုကိုဖြည့်ဆည်းနေခိုက်ဟာ
လူ့ ဘဝရဲ့ အထွတ်အထိပ် အရသာတဲ့။
အာရုံသာရှိပြီး
အသပြာပုံ မရှိခြင်းနဲ့ 
အကုန်ရတာသိပြီး
သုညသာရှိခြင်းကတော့
အခံရ အခက်ဆုံး ကာလပဲ။
Posted on
1:17 AM
by Wathan

ကိုလေး အကြောင်းကို မပြောခင် ပထမဆုံး သူ့အခွေ စထွက်တုန်းက အခြေအနေက တော်တော်လေး ဆိုးတယ်။ ဘယ်လိုဆိုးလဲ ဆိုတော့ အဲဒီ အချိန်က Crack Tone နဲ့ ဆိုနိုင်တဲ့ အဆိုတော်တွေ နာမည် အရမ်းကြီး တဲ့ အချိန် ။ အဲဒီလို ကြားထဲက ဖောက်ထွက်လာတာ ဆိုတော့ တော်ရုံတန်ရုံ အရည်အချင်းတော့ မဟုတ်ဘူး။ သူ့မှာ ဘာတွေ ရှိလဲ ၊ သူဘာတွေ သိလဲ၊ ပြီးတော့ ဂီတ အပေါ် ဘယ်လို ခံယူ ထားသလဲ အရမ်းသိချင်လာတယ် ။ ပြီးတော့ သိလာတော့ လေးစားလာတယ်ပေါ့။အဲဒီကနေစပြီး သတိထားပြီး စောင့်ကြည့်မိတယ်။ ပထမဆုံး ထွက်တဲ့ ခွေတွေ တော့ မပြောတော့ဘူး။ အဲနောက်ဆုံး ထွက်တဲ့ BOBဘင်္ဂလား ပင်လယ်အော် အကြောင်းပဲ ပြောတော့မယ်။ ဘာလို့ ဆို ဝေးသွားတဲ့ အခွေတွေ ကျတော့ လေ့လာရတာ သိပ်အသက်မပါတော့ဘူး။ အခု ကျွန်တော် တင်ပြမယ့်ဟာတွေဟာ ကျွန်တော့ရဲ့ ကိုယ်ပိုင် အယူအဆ တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် အငြင်းပွါးစရာ ဖြစ်မယ် ဆိုရင်လည်း ခွင့်လွှတ်ပေးကြမယ်လို့ထင်ပါတယ်။ ကဲ စမယ်။